Fashion King (2012) mmsub: Season 1

Mar. 19, 2012
Your rating: 0
8 1 vote


ဂန်ယောင်းဂေါ (Yoo Ah In) ဆိုတဲ့လူငယ်လေးဟာ ဆိုးလ်မြို့ရဲ့  ဖက်ရှင်အကျဆုံးနေရာလို့ တင်စားလို့ရတဲ့ ဒုံဒယ်မွန်ဈေးက ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ရဲ့  အရည်အချင်းရှိ ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ နာမည်ကြီး ဒီဇိုင်နာတစ်ဦး ဖြစ်ချင်တယ်ဆိုတဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြောက်ရွံ့‌နေခဲ့တဲ့ ယောင်းဂေါဟာ ရည်မှန်းချက်ပန်းတိုင်ချင်းတူညီတဲ့ အီဂါယောင်း (Lee Ga Young) ဆိုတဲ့မိန်းကလေးကို တွေ့ဆုံမိခဲ့ရာမှာတော့.. သူတို့ ၂ ဦးစလုံး ဖြစ်ချင်တဲ့ နာမည်ကြီး ဒီဇိုင်နာဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ.. တစ်ဖက်မှာလည်း သူမ လိုချင်တဲ့အရာကို ရအောင်ယူတတ်တဲ့ ချွဲအန်နာ (Kwon Yu Ri) ရဲ့ ရည်စားဟောင်းဖြစ်သူ သူဌေးသား ဂျောင်ဂျယ်ဟျော့ (Lee Je Hoon) နဲ့ အီဂါယောင်းတို့ အကြောင်းအရင်း အမျိုးမျိုးကြောင့် မထင်မှတ်ဘဲ ပတ်သက်မိသွားတဲ့အခါမှာတော့.. သုံးပွင့်ဆိုင်အချစ်တွေ ဘယ်လို ဘယ်ပုံပေါ်ပေါက်လာမလဲ ဆိုတာ..

Leave a comment

Name *
Add a display name
Email *
Your email address will not be published