
ဇာတ်လမ်းကတော့ ကားနာမည် “Sinkhole” ဆိုတဲ့အတိုင်း တိုက်ကြီးတစ်ခုလုံး မြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာ ဘယ်လိုဆက်အသက်ရှင်ကြမလဲ ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတာပါ..
ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့ ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝယ်ပြီး ဘယ်လောက်မှ မကြာသေးဘူး။ အိမ်ကမြေပြိုသွားတော့တာပါပဲ.. သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့ သူတွေနဲ့လည်း စစချင်းမတည့်ရာကနေ အသက်အန္တရာယ် ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ..