နက်ဖလစ်ရဲ့ ကမ္ဘာကျော် Sandman စီးရီး စီစန် ၂ လာပါပြီ..
ဒီစီစန်ကတော့ ရယ်ရတာတွေလည်းပါသလို ပိုကြမ်းပါတယ်.. အိပ်မက်သခင် မောဖီးယပ်ဟာ ကမ္ဘာဦးလူတွေရဲ့ဧကရီ နာဒါကိုကယ်ဖို့ ငရဲပြည်တစ်ပြည်လုံးနဲ့ တိုက်မယ်ဆိုပြီး လူစီဖာဆီ ဆင်းသွားပါတယ်.. လူစီဖာက ငရဲကို စိတ်ကုန်နေပြီဆိုပြီး ငရဲတစ်ခုလုံးအကုန် လွှတ်ပေးပြီး ငရဲကိုအုပ်စိုးဖို သော့ကို မောဖီးယပ်ကို အပ်သွားပါတယ်.. အမြင်ကတ်လို သက်သက်ချောက်ချသွားတာပါ.. ဒီတော့ ငရဲကို ပိုင်ချင်တဲ့ ဘာသာပေါင်းစုံ လောကပေါင်းစုံက နတ်ဘုရားတွေအကုန် မောဖီးယပ်နောက်ကို လိုက်ကြပါတော့တယ်.. အိုဒင်၊ သော၊ လိုကီ အပါအဝင် ဂျပန်ဘုရားတွေရော အစုံပါပဲ.. မူလ ဖန်ဆင်းရှင်ဘုရားကလည်း ငရဲကို ဘာလုပ်ရမှန်းမသိတာနဲ့ မောဖီးယပ်လုပ်တာပဲ စောင့်ကြည့်မယ်ဆိုပြီး ထိုင်ကြည့်နေပါတယ်.. ဒီအရှုပ်တော်ပုံတွေကို အိပ်မက်သခင် မောဖီးယပ်စ် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရပါလိမ့်မယ်..











