
ရမ်ဆိုတဲ့ စပိုင်ဟောင်းတစ်ယောက် ပန်ခတ်တာရွာဆီကို လုပ်ငန်းကိစ္စနဲ့သွားရင်း လမ်းအဆင်မပြေတဲ့အတွက် တောကြီးမျက်မည်းမှာ ခြေလျင်ခရီးနှင်ရပါတယ်။ တစ်နေရာအရောက် မီးလှုံနေတဲ့ လူထူးဆန်းတစ်ယောက်ကိုတွေ့လို့ တည်းခိုခန်းမေးတဲ့အချိန် သူ့တဲမှာ တစ်ညနားဖို့ပြောလို့ ရွေးစရာမရှိတဲ့အဆုံး နေလိုက်ရပါတော့တယ်။ တရေးနိုးလာချိန်မှာတော့ ဗြိတိသျှတွေအုပ်စိုးတဲ့ ခေတ်ကိုရောက်နေပြီး သူ့ကိုအချုပ်ထဲကထုတ် ကြိုးဆွဲချသတ်ဖို့လုပ်နေတာမို့ ဘာမှမသိနားမလည်ဘဲ အသက်ရှင်ဖို့အရေး ကြိုးစားရပါတော့တယ်..