
ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို သယ်ယူပိုဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖိုနည်းလမ်းတွေ ကြံစည်လာပါတယ်။ဒီမှာ တရုတ်နိုင်ငံ “ရှောင်-စက်မှုလုပ်ငန်း” ကနေ နည်းပညာအသစ်တွေနဲ့ ရှာကြံပြီး လူတစ်ယောက်တည်းကသာ မောင်းနှင်နိုင်ပြီး အဝေးထိန်းနဲ့ ထိန်းချုပ်နိုင်တဲ့ ယေဂါဒရုန်းစက်ရုပ်ကြီးတွေကို ပိုင်းလော့ဒ်တွေရှာရတဲ့ဒုက္ခ ကိုင်ဂျူးတွေနဲ့ တိုက်ခိုက်ရင်း ပိုင်းလော့ဒ်တွေမသေအောင်ဆိုပြီး တီထွင်နိုင်လိုက်ပြီး တစ်ကမ္ဘာလုံးအနှံတပ်ဖြန့်ထားနိုင်အောင် လုပ်ဆောင်နေပါပြီ ..-ဒီလိုအဖက်ဖက် အဆင်သင့်ပြင်ထားပေမယ့် ကိုင်ဂျူးတွေဖက်ကရော ကျူးကျော်ဖို ဘာတွေဘယ်လိုပြင်ဆင်နေကြသလဲ-