
မြေအောက်ခန်းတစ်ခုမှာ သတိဝင်လာကြပြီးတော့ အချင်းချင်း မသိကြတဲ့အပြင် ဘာကြောင့် ပိတ်လှောင်ခံထားရမှန်း မသိတဲ့ လူ ၆ ယောက်ကနေ ဇာတ်လမ်း အစပျိုးထားပါတယ်။ တကယ်တော့ တစ်ယောက်တစ်မျိုးစီနဲ့ နောက်ခံတွေ မတူကြပေမဲ့ သူတို့ကြားထဲ လူသတ်မှုတစ်ခုက ပါဝင်ပတ်သက်နေခဲ့တာပါ။ တစ်ယောက်ချင်းစီက အမှုနဲ့ ဘယ်လိုပါဝင် ပတ်သက်နေတာလဲ။ ဘယ်သူက သူတို့ကို ပိတ်လှောင်ထားပြီး ရည်ရွယ်ချက်က ဘာလဲဆိုတာကို ၆ ယောက်လုံး အဖြေရှာရင်း ပိတ်မိနေတဲ့ မြေအောက်ခန်းကနေ လွတ်မြောက်အောင် ကြိုးစားကြရမှာပါ။ တရားခံအစစ်က ဘယ်သူလဲဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်..