
Jackie Chan ဟာ မိဘနှစ်ပါးလုံးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးလိုက်ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ.. သူ့ကို သူ့ဆရာဖြစ်သူက ကျွေးမွေးစောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်.. တစ်ရက်မှာတော့ သိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ သူ့ဆရာကို ပြိုင်ပွဲပြီးမှ ရောက်လာတဲ့သူတစ်ဦးက စိန်ခေါ်ခဲ့ပြီး အနိုင်ပိုင်းကာ မင်းသားတို့ သင်တန်းကျောင်း ဆိုင်းဘုတ်ကိုပါ ဖျက်စီးခဲ့ပါတယ်.. မင်းသားရဲ့ ဆရာဖြစ်သူဟာလည်း အရှုံးပေးခဲ့ပေမဲ့ ဆက်လက်တိုက်ခိုက်ခံရတာကြောင့် ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးသွားပါတော့တယ်.. ထိုအခါမှာတော့ မင်းသားတစ်ယောက် ကွန်ဖူးကို အပြင်းအထန်လေ့ကျင့်ပြီး သူ့ဆရာသေဆုံးခြင်းနဲ့ သင်တန်းကျောင်းရဲ့ သိက္ခာအတွက် ပြန်ပြီးလက်စားချေဖို့ လုပ်ပါတော့တယ်..