
ဒီဇာတ်ကားရဲ့အစကိုတော့ Winter Soilder ရဲ့အဆုံးကနေဆက်ထားပါတယ်။ Hydra အဖွဲ့ရဲ့လက်ထဲက Loki ရဲ့ တုတ်ကို ပြန်လည်တိုက်ခိုက်ပြီး ယူလာတာကနေ စထားပါတယ်။ တိုနီစတာ့ခ်(Ironman) နဲ့ ဘရုစ်ဘန်နာ(Hulk)တို့ဟာ တောင်ဝှေးရဲ့ အကူအညီနဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ပရိုဂရမ်(Ultron) ကို တီထွင်လိုက်ပါတယ်။ ဒါပေမယ့် Ultron တကယ်နိုးထလာတဲ့အခါမှာ သူတို့မျှော်လင့်ထားတဲ့ အတိုင်းမဟုတ်ပဲ ကမ္ဘာကြီးရဲ့ အဆုံးသတ်အထိပါဖြစ်လာတဲ့အခါ သူတို့ ပြန်ပြီး ရင်ဆိုင်ဖို့ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားမှာ တိုးလာတဲ့ Avenger အသစ်တွေကိုလဲ တွေ့ရပါတော့မယ်..