
2044 ခုနှစ်၊ ကမ္ဘာအနှံ့အပြားမှာ ဘာသာရေးပဋိပက္ခတွေကြောင့် အသေခံတိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးမှုတွေကနေ သေဆုံးသူအရေအတွက်က စံချိန်တင်မြင့်တက်လို့နေခဲ့ပါတယ်။ဒီမှာပဲ အင်ဖလူယန်ဆာတစ်ယောက် စိတ်ကူးပေါက်သလို ထပြောလိုက်တဲ့ အကြွင်းမဲ့အာဏာတိုက်ပွဲ ဆိုတာကြီးက တကယ်ဖြစ်လာခဲ့တယ်။ ကိုယ့်ဘာသာတရားက ဖိုက်တာတွေကို သေချာလေ့ကျင့်ပေးပြီး အားကစားကွင်းကြီးထဲမှာ တစ်ယောက်ချင်းစီထိုးခိုင်း၊ အနိုင်ရတဲ့ဘာသာတရားက တစ်ကမ္ဘာလုံးကို ကိုယ့်စိတ်ကြိုက်အုပ်ချုပ်ခွင့်ရမဲ့ အကြွင်းမဲ့အာဏာတိုက်ပွဲဆိုတာကြီး တကယ်ပေါ်ပေါက်လာပါတော့တယ်။ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဆေဂန်ကတော့ လူ့ဝါဒနဲ့သိပ္ပံအဖွဲ့အစည်းကဖြစ်တာမို့ ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့ အဖွဲ့အစည်းကဖြစ်ပေမဲ့ တစ်ယောက်ပြီးတစ်ယောက် အလဲထိုးအနိုင်ယူလာနိုင်ချိန်မှာတော့..