
Mr.glass ဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့ အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့ လူမမာလေးပါ။ ငယ်ငယ်ထဲကဆေးရုံမှာပဲ ကြီးပျင်းလာတာဖြစ်ပြီး သူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာ ကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါ။ ခန္ဓာကိုယ်ကို သိပ်မသုံးနိုင်တဲ့ သူ့ရဲ့ ဦးနှောက်ဟာ အစွန်းတစ်ဖက်ရောက်တဲ့အထိ စွမ်းဆောင်ရည်ရှိနေပါတယ်။ သူအဲ့ဦးနှောက်ကို ပြန်အသုံးချဖို့တော့ ကာတွန်းစာအုပ်တွေကလွဲပြီး မရှိခဲ့ပါဘူး။ ကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာ အသက်ရလာတာနဲ့အတူ ပိုပိုပြီးတိုးလာခဲ့ပါတယ်။ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ သူ့ကိုယ်သူ ရှာတဲ့ကိစ္စကလည်း ပိုပြီးတွင်ကျယ်လာခဲ့ပါတယ်။ ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကို သူရှာခဲ့ပါတယ်။ Dunnလို့ခေါ်တဲ့ လူအာဂဟာ အယောက် ၁၃၁ ယောက်ကို သေသွားစေတဲ့ ရထားမတော်တဆမှုမှာ ခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေတဲ့ ပုံမှန်အခြေခံလူတန်းစား Dunn ဟာ အဲ့အဖြစ်အပျက်တွေဖြစ်ပြီး သိပ်မကြာခင်မှာပဲ လူထူးဆန်းတစ်ယောက်နဲ့ မဖြစ်မနေရင်ဆိုင်ရပါတော့တယ်။ အဲ့လူကတော့ Mr.glass ဖြစ်ပြီး Dunn ရဲ့ဘဝတစ်ခုလုံးကို ပြောင်းသွားစေမယ့် comic facts တွေနဲ့ သွေးအေးတဲ့လူသတ်မှုတွေကို အရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်..