
အလယ်အလတ်တန်းစားမိသားစုတစ်စုရဲ့ နေ့စဉ်ဘဝကို ရိုက်ကူးပုံဖော်ထားပြီး ဘဝအရှုပ်အထွေးတွေကြားက မိသားစုပြဿနာ၊ အလုပ်ပြဿနာ၊ အချစ်ရေး၊ စီးပွားရေး စတဲ့ပြဿနာတွေကို တစ်ခုချင်းစီ ပုံဖော်ရိုက်ကူးထားပါတယ်။ ဘာလင်မြို့မှာ နေထိုင်တဲ့ မိသားစုတစ်စုမှာ မိခင်ဖြစ်သူ Milena က အာဖရိကမှာ ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းတစ်ခုကို လုပ်ကိုင်နေပြီး ဖခင် Tim က စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဆယ်ကျော်သက်အရွယ် သားဖြစ်သူနဲ့ သမီးဖြစ်သူတို့မှာလည်း ကိုယ်စီပြဿနာတွေနဲ့ ရုန်းကန်လှုပ်ရှားနေကြရတယ်။ သူတို့အိမ်က အလုပ်သမားတစ်ဦး ရုတ်တရက်သေဆုံးပြီးနောက်မှာ အသစ်ရောက်လာတဲ့ ဆီးရီးယား ဒုက္ခသည် အိမ်အကူ Farrah ကြောင့် သူတို့ဘဝတွေ ပြောင်းလဲသွားခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့ Farrah က ကြိုးစားနေရင်း ပိုမိုရှုပ်ထွေးလာတဲ့ အရှုပ်တော်ပုံတွေကို..