
Stuart Little 3 မှာတော့ ကြွက်ကလေး စတူးဝပ်တို့ မိသားစုဟာ နွေရာသီအား လပ်ရက်မှာ အပန်းဖြေစခန်းတစ်ခုကိုသွားခဲ့ကြပါတယ်။ သဘာဝတရားကြီးကို ချစ်မြတ်နိုးပြီး စွန့်စားခန်းတွေလုပ်ရတာ သဘောကျတဲ့ စတူးဝပ် အတွက်တော့ ထိုတောတွင်းစခန်းမှာနေရတာဟာ တကယ့်ကိုကြီးမားတဲ့ ဆုလာဘ်တစ်ခုလိုဖြစ်နေပါတော့တယ်။ မိဘနှစ်ပါးလုံးဆီက ကလေးတစ်ယောက်လိုပဲ အမြဲဆက်ဆံခံရတာကို သဘောမကျတဲ့ စတူးဝပ်တစ်ယောက် ဒီတောတွင်းခရီးစဉ်ကိုအသုံးချပြီး ဘယ်လိုအပြောင်းအလဲတွေကို ဖန်တီးယူမလဲ.. သစ်တောထဲမှာ ဘယ်လိုမျိုးအန္တရာယ်များတဲ့စွန့်စားခန်းတွေကို ကြုံတွေ့ရမလဲဆိုတာ..