
ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ အဲ့တာကြောင့်လည်း သူ့မိဘတွေကို အမြဲ ညီလေးတစ်ယောက်လိုချင်တယ်ဆိုပြီး ပူဆာနေတာပေါ့.. တစ်နေ့ကျတော့ သူ့မိဘတွေကလည်း သူတို့ရဲ့သား ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် မိဘမဲ့ကလေးကျောင်းမှာ သင့်တော်တဲ့ ကလေးတစ်ယောက်ကို မွေးစားဖို့ရှာပါတော့တယ်.. အဲ့မှာမှ စတူးဝပ်လေးကို တွေ့သွားပြီး မွေးစားလိုက်ပါတယ်.. အဲ့ဒီတော့ မွေးစားခံလိုက်ရတဲ့ ကြွက်ကလေး စတူးဝပ်ခဗျာ လစ်တဲလ်မိသားစုထဲမှာ ဝင်ဆန့်ပါ့မလား သူ့အကိုဖြစ်လာမယ့် ဂျော့ဂျ်ကရော သူ့ကိုသဘောကျပါ့မလား..