
ဘရာဇီးက ရွာလေးတစ်ရွာမှာ လူတိုင်းချစ်ကြတဲ့ ဖာသာတစ်ပါး ပျံလွန်တော့ ဗာတီကန်စီးတီးက ဖာသာ Andrew က သွားရောက်စစ်ဆေးပါတယ်.. အကြောင်းကတော့ ဖာသာရဲ့ ဈာပနကျင်းပရာ ဘုရားကျောင်းမှာရှိတဲ့ အပျိုစင်မေရီရုပ်ထုက သွေးမျက်ရည်စီးကျနေလို့ပါပဲ.. တစ်ဖက်မှာလည်း အမေရိကန်မှာရှိတဲ့ အလှဖန်တီးရှင်၊ club တက် ပျော်ပါးတတ်တဲ့ ဘာသာမဲ့မိန်းကလေး Frankie ဟာ ခရစ်တော် ကားစင်တင်ခံရချိန်မှာ ရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေအတိုင်း ထူးထူးဆန်းဆန်း ခံစားလာရတဲ့အခါမှာတော့..