
တချိန်က နာမည်ကျော် Sniper သမားတစ်ယောက်ရဲ့သား မရိန်းတပ်သားတစ်ယောက်လည်းဖြစ်တဲ့ မင်းသား Brandon ဟာ သူတာဝန်ကျရာ ကွန်ဂိုနိုင်ငံမှသူပုန်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အဖွဲ့သားအားလုံးဟာ Sniper သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီး သူတစ်ယောက်ပဲ ကံသီပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်.. သူ့ဘော်ဒါတွေအတွက် လက်စားချေချင်တဲ့ မင်းသားတစ်ယောက် သတ်တဲ့သူကို အစရှာ လိုက်လံစုံစမ်းတဲ့အခါမှာ ထွက်လာတဲ့အစကဘယ်လောက်ထိ ရှည်လျားပါဝင်ပတ်သက်နေမလဲ.. မင်းသားအနေနဲ့ ရုန်းထွက်နိုင်ပါ့မလား.. ကြားထဲမှာ မိတ်ဆွေတွေ ချစ်သူခင်သူတွေကရော ထိခိုက်သွားမှာလား..