
ဇာတ်လမ်းကတော့ Mighty (စတီဖင်ချောင်)က ကွန်ဖူးပညာတတ်မြှောက်ထားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ကွန်ဖူးပညာကို တစ်ကမ္ဘာလုံးကို ချပြချင်ပေမယ့်လည်း ထမင်းတောင် နပ်မမှန်တဲ့အခြေအနေမှာ ဖြစ်နေပါတယ်။ Fung ဆိုတဲ့လူကတော့ လက်ထောက် ဘောလုံးနည်းပြတစ်ယောက်ဖြစ်ပြီး အရင်ဘောလုံးသမားဘ၀တုန်းက သူကို ကောင်းလွန်းလို့ ရွှေခြေထောက် လို့တောင်တင်စားကြပါတယ်။ ဒါကိုမနာလိုတဲ့ သူ့သူငယ်ချင်းကတော့ ရွှေခြေထောက်ကို ချောက်တွင်းပြီး ရွှေခြေထောက် ခြေထောက်ကျိုးအောင် လုပ်မယ့်အကြံအစည် အောင်မြင်သွားတဲ့အခါမှာတော့ သူ့က အအောင်မြင်ဆုံး နည်းပြဘ၀ ဖြစ်လာပြီး ရွှေခြေထောက်ကတော့ သူ့လက်ထောက်ပဲ ဖြစ်သွားရပါတယ်။ ရွှေခြေထောက်က Mighty ကွန်ဖူးအရည်းအချင်းကို တွေ့မြင်သွားပြီး ဒါနဲ့သာ ဘောလုံးကန်ရင် အလားအလာရှိနိုင်တာမလို့ သူ့အသင်းကိုလာဖို့ မဲဆွယ်ပါတော့တယ်။ ဒီလိုနဲ့ သူ့ကွန်ဖူးကို ချပြချင်တဲ့ mighty ကလည်း နှစ်ခါခေါ်စရာမလိုဘဲ သူ့ကွန်ဖူးညီအစ်ကိုနဲ့အတူ ဘောလုံးကန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရွှေခြေထောက်ရဲ့ ဘောလုံးသင်းကတော့ ကွန်ဖူးပညာမှာ တစ်ဖက်ကမ်းတွေဆိုပင်မယ့်လည်း ဘောလုံးကို လုံးမှန်းပြားမှန်းတောင်မသိတဲ့ ကောင်တွေဖြစ်နေပါတယ်။ ရွှေခြေထောက်ကိုယ်တိုင် ဒီလိုအခြေအနေကနေ ပြိုင်ပွဲတွေမှာအနိုင်ရဖို့ အသင်းခေါင်းဆောင် Mighty နဲ့အတူ ဘယ်လိုကြိုးစား ဖြတ်ကျော်သွားမလဲဆိုတာ..