
Kumandra ဆိုတဲ့ ကမ္ဘာကြီးမှာ နဂါးတွေစောင့်ရှောက်မှုကြောင့် လူတွေက စည်းစည်းလုံးလုံးနေခဲ့ကြပါတယ်။ ဒါပေမဲ့ Druun ဆိုတဲ့ သတ္တဝါတွေပေါ်လာပြီး လူတွေနဂါးတွေကို ကျောက်တုံးအဖြစ် ပြောင်းလိုက်တာကြောင့် နောက်ဆုံးကျန်ခဲ့တဲ့ နဂါး Sisu က သူ့ရဲ့စွမ်းအားကို ရတနာထဲထည့်ကာ Druun တွေကို ပျောက်ကွယ်သွားအောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ ရတနာကို လူတွေက လုယူချင်ကြတဲ့ လောဘတွေကြောင့် စုစုစည်းစည်းရှိတဲ့ Kumandra ဆိုတဲ့ကမ္ဘာကြီးက နယ်မြေငါးခုအဖြစ်ကွဲသွားပြီး Raya က Heart နယ်မြေခေါင်းဆောင်ရဲ့ တစ်ဦးတည်းသောသမီးလေး ဖြစ်လာပါတယ်။ သူတို့မျိုးရိုးက နဂါးရတနာကို ကာကွယ်ပေးရမဲ့မျိုးဆက်ပါ။ သူတို့နယ်မြေ ကြွယ်ဝသာယာတာကို နဂါးရတနာကြောင့်လို့ အထင်မှားနေကြတဲ့ တစ်ခြားနယ်မြေတွေက သူတို့နယ်မြေက စောင့်ရှောက်ရတဲ့ နဂါးရတနာကို လုယူဖို့ကြိုးစားကြပါတော့တယ်။ လူတွေကြားမှာ နဂါးရတနာက ကွဲသွားခဲ့ပြီး ပျောက်ကွယ်သွားတဲ့ Druun တွေပြန်ပေါ်လာခဲ့ပါတယ်။ Raya အဖေအပါအဝင် လူတစ်ချို့ကို ကျောက်တုံးအဖြစ် ပြောင်းလဲသွားစေခဲ့လို့ သူ့အဖေကို ပြန်ကယ်တင်ဖို့အတွက် Raya တစ်ယောက် ဘယ်လိုကြိုးစားမလဲဆိုတာ..