
အယုဒ္ဓယခေတ်မှာ ရက်စက်တဲ့ မင်းဆိုးမင်းညစ်အဖြစ် နာမည်ကြီးပြီးတော့ ပြည်သူတွေကမုန်းကြတဲ့ ဘုရင် Sua က သူ့ကိုယ်သူ ရုပ်ဖျက်ပြီးတော့ သာမန်အရပ်သား တစ်ယောက်အနေနဲ့ သတင်းယူဖို့ Viset Chaicharn ဆိုတဲ့ရွာကို ထွက်လာခဲ့ပါတယ်။ အဲဒီမှာ Singh ဆိုတဲ့ လူငယ်ရွာသားလေးတစ်ယောက်နဲ့ ရွာသူမိန်းမလှလေးတစ်ယောက်အပေါ် အပြိုင်လုကြရင်း မထင်မှတ်ဘဲ ရင်းနှီးလာခဲ့ကြတယ်။ ရုပ်ဖျက်ထားတဲ့ ဘုရင် Sua က Singh နဲ့ ပေါင်းသင်းပြီးတော့ ဘုရင် Sua ဖြစ်တဲ့ သူ့နာမည်ကိုသုံးပြီး အခွန်တွေလိမ်ယူကောက်ခံ၊ မိန်းကလေးတွေကို ဖျက်ဆီးနေတဲ့ အထက်တန်းအရာရှိတွေအကြောင်းကို သိလာခဲ့ရပါတယ်။ Singh ကတော့ ဘုရင် Sua ကို ဘုရင်မှန်းမသိဘဲ ဆဲဆိုရင်း ပေါင်းသင်းလာရာက ဘုရင် Sua က Singh ရဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုကို သဘောကျနှစ်သက်ပြီးတော့ သွေးသောက်ညီအစ်ကိုတွေအဖြစ် သစ္စာဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဘုရင်တစ်ပါးနဲ့ သာမန်အရပ်သား နှစ်ယောက်ကြားက နက်ရှိင်းတဲ့သူငယ်ချင်းဆက်ဆံရေးကို ခိုင်မြဲအောင် ဆွဲထားနိုင်ပါ့မလား၊ သစ္စာဖောက်တွေရဲ့ ဘုရင်အပေါ် လုပ်ကြံသတ်ဖြတ်မှု အန္တရာယ်တွေအပြင် မင်းဆိုးမင်းညစ်ဆိုပြီး ဘုရင့်အပေါ် အထင်လွဲမုန်းတီးတွေကို ရှင်းလင်းပြီး ငြိမ်းချမ်းတဲ့နိုင်ငံတော်ကို တည်ထောင်နိုင်ပါ့မလားဆိုတာ..