
လူသူမနီးတဲ့ခြံကွက်လေးထဲမှာ အိမ် ၂ အိမ်ရှိပြီး အဲဒီ ၂ အိမ်မှာ ဘုန်းတော်ကြီးတစ်ပါးနဲ့ တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ်။ ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။ တစ်နေ့ကျတော့ နယ်စပ်ကနေ နန်းမြို့တော်ကိုသယ်လာတဲ့ ဘုရင့်ဆွေမျိုး ဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလား သယ်တဲ့သူတွေက သူတို့ ၂ အိမ်ရှေ့ကနေ ဖြတ်သွားပါတော့တယ်။ အဲဒီခေါင်းတလားကို တာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်း ခြံဝန်းထဲမှာနေတဲ့ တောက်ဆရာကြီးရဲ့ ဆရာတူညီလေး ဖြစ်နေတော့ ကောက်ညှင်းဝင်တောင်းရင်း စကားပြောဖြစ်ခဲ့ကြပါတယ်။ သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့ မန္တန်ဆေးမင်တွေ အရောင်လွင့်ကုန်ပါတော့တယ်။ အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီး လူတွေလိုက်သတ်ပါတော့တယ်။ အဲဒီဖုတ်ကောင်ကြီးကို ဘယ်လိုတွေရှင်းကြမလဲ.. ဆရာကြီး ၂ ယောက်က တကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာ..