
အချစ်ဆိုတဲ့အရာဟာ ရက်တွေ လတွေ နှစ်တွေကြာကြာ ချစ်ကြသည့်တိုင်အောင် အချစ်စစ်ဆိုတာ တကယ်ဖြစ်လာနိုင်သလား.. အချစ်စစ်ဆိုတာဟာ အဲဒီလောက် အချိန်တွေအများကြီး မကြာနိုင်ပေမဲ့လည်း တစ်ရက်တည်းနဲ့ တကယ့်အချစ်ဖြစ်သွားနိုင်တာမျိုးလား.. ဇာတ်လမ်းအကျဉ်းကတော့ ..
မိန်းကလေးတွေဆိုရင် အပျော်သာသဘောထားပြီး အချစ်ဆိုတာကို အလေးမထားတဲ့ Kim Jae Hyun နဲ့တစ်ယောက်တည်းကိုသာ လေးလေးနက်နက်ထားချစ်တတ်ပြီး ၁၀ နှစ် သက်တမ်းကြာ relationship တစ်ခုရှိတဲ့Bae Soo Jung တို့ဟာ ဆိုးလ်ကနေ ဘူဆန်ကိုသွားတဲ့ ရထားပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံခဲ့ကြပါတယ်.. တစ်ရက်တည်းပဲတွေ့ဆုံပြီး တဒင်္ဂလေးအတွင်းမှာပဲ တစ်ယောက်နဲ့တစ်ယောက် ဖွင့်ပြောပြလို့မရတဲ့ သံယောဇဉ်တွေ ဖြစ်သွားတဲ့အခါမှာတော့.. Jae Hyun ကရော သူ့ရဲ့အကျင့်ဆိုးတွေကို ပြင်နိုင်မှာလား.. Soo Jung ကရော သူ့ရဲ့အနှစ်နှစ်အလလ ချစ်ရတဲ့ချစ်သူကို စွန့်လွှတ်နိုင်မှာလားဆိုတာ..