
တွန်ဆိုတဲ့ကောင်လေးက ဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့ သူတို့အလုပ်က ဘဏ်စနစ်မြှင့်တင်ရေးလုပ်ခိုင်းတဲ့အတွက် တွန်တစ်ယောက် ပြည်တွင်းရေးသိပ်မတည်ငြိမ်တဲ့ မွတ်စလင်မြို့လေးကိုရောက်လာပါတော့တယ်။ အဲဒီအချိန်မှာ ဖာ ဆိုတဲ့ဆရာမလေးကလည်း အဖေဖြစ်သူကိုစိတ်မချလို့ ဘန်ကောက်သွားဖို့ ဖျောင့်ဖျဖို့ မြိုငယ်လေးကိုရောက်လာပြီး တွန် ရဲ့တူမလေး ဖိုင်းဖူကြောင့် သူတိုနှစ်ယောက် ဆုံဖြစ်ကြတော့တာပေါ့။ တစ်ဖက်က ဖန်း ဆိုတဲ့ကောင်မလေးကလည်း Latitude 6 ဆိုတဲ့ ရေဒီယိုအသံလွှင့်ရုံလေးမှာ အလုပ်လုပ်ရင်း ရှရစ်နဲ့ကိုဆမ် ဆိုတဲ့ကောင်လေးနဲ့ ခင်မင်နေတာပေါ့။ ရှရစ်ကလည်း ဖန်းကိုကြိတ်သဘောကျနေပြီး ဖန်းကတော့ ရှရစ်နဲ့ကိုဆမ်ကြား ရွေးရခက်နေတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကြားထဲ ဘာသာရေးအယူအဆ မတူညီတာတွေနဲ့ အနာဂတ်ဆိုတဲ့အရာတွေ ဝင်ရောက်လာချိန်မှာတော့..