
အရှေးကူးမား(ဟယ်ရီ)ဟာ အမြဲ အိပ်မက်ဆိုးတွေနဲ့ တွေ့ကြုံနေရသူပေါ့။ အတိတ်ဘဝတစ်ခု လို့ ပြောလို့ရမယ့် နန်းတွင်း ရာဇဝင် ဇာတ်လမ်းတစ်ခုကို အမြဲလိုလို မြင်ယောင်နေတယ်။ လတ်တလောမှာလည်း ငွေကြေး အရမ်းလိုနေတော့ ညီအစ်ကို ၃ ယောက်ဟာ လန်ဒန်ရဲ့ လူကုံထံကြီးရဲ့ သမီး ၃ ယောက်ကို ကြံနေကြသူတွေ။ အဲ့ဒီမိန်းကလေး ၃ ယောက်ကို လက်ထပ်နိုင်ရင် သူတို့အတွက် ငွေကြေးပြေလည်သွားမယ်ဆိုတာ သူတို့ ကြံဆထားပြီးသား။ ဒီလိုနဲ့ သူတို့ ၃ တွဲ အပျော်ခရီးတစ်ခု ထွက်ရာမှာ သူရဲ့ အိပ်မက်တွေဟာ အတိတ်ဘဝတစ်ခုရဲ့ ပုံရိပ်တွေဆိုတာ အခါအားလျှော်စွာ သိလိုက်ရချိန်မှာတော့..
ဒီဇာတ်ကားထဲမှာ ရှေ့ခေတ် နောက်ခေတ်တွေ သရော်တာမျိုးတွေ၊ ဘာဟူဘာလီ သီချင်းတွေကို အပျော်အပျက်လုပ်ပြီး ထည့်တာမျိုးတွေ၊ ခုခေတ် အကမင်းသားကို ရှေးခေတ်က အကနတ်ဘုရားအဖြစ် ထည့်ထားတာမျိုး၊ ဘာဟူဘာလီတူအဖြစ် ဘာဟူဘာလီဇာတ်ကားထဲ သရုပ်ဆောင်ခဲ့သူကို မင်းက ဘာဟူဘာလီ တူလားဆိုပြီး မေးတာမျိုး၊ (ပြဇာတ်ဆန်ဆန် ဟာသနှောတာမျိုးတွေ) ပါဝင်နေပါတယ်..