
ဒီကားမှာတော့ ကျီးဖားကရှန်းတိုင်းပြည် ဘုရင်ကြီးယင်းရှို့ကို လုပ်ကြံပြီးသွားတဲ့နောက်မှာ ရှန်းတိုင်းပြည်နဲ့ ရှီးချီ စစ်ပွဲကြီးစတင်သွားပါတယ်။ ဘုရင်မင်းမြတ်အမိန့်နဲ့ စစ်သူကြီးတန့်ချန်ယွိကို မိစ္ဆာစစ်သူကြီး (၄) ယောက်ကို ဦးဆောင်စေပြီး ရှီးချီကိုစစ်တိုက်စေခဲ့တယ်။ ရှီးချီဖက်မှာတော့ယင်းကျောင်း၊ ယန်ကျန်၊ လေကျန့်ကျီ၊ နီကျားတို့က ပါဝင်ကူညီရခဲ့ပါတယ်။ သူတို့ရဲ့အကူအညီနဲ့ ကျီးဖားက ရှီးချီစစ်တပ်ကိုဦးဆောင်ပြီး ပြည်သူတွေကိုကာကွယ်ပေးဖို့ အပြင်းအထန်ကြိုးစားရပါတယ်။ နတ်ဘုရားတွေရဲ့တိုက်ပွဲဟာ ဘယ်လိုကြမ်းမလဲဆိုတာ..