
ပထမတစ်ခုမှာတော့ ဘယ်သူပို့မှန်းမသိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကိုရောက်လာတဲ့ ရှေးဟောင်းဗုံတစ်လုံး၊ ဒီဗုံကရှေးဟောင်းပစ္စည်းဆိုတော့ စိတ်ဝင်စားစရာပေမဲ့ ဗုံရဲ့နောက်ကွယ်မှာ သမိုင်းကြောင်းတွေ ရှိနေပါသတဲ့.. ဘယ်လိုသမိုင်းကြောင်းတွေ ဖြစ်မလဲ..
ဒုတိယဇာတ်လမ်းမှာတော့ ရည်းစားနဲ့ပြတ်ခါစ ဂျီယက်တစ်ယောက် အိမ်နီးချင်းအစ်မကြီးဆီကနေ ပီယဆေးလက်ဆောင်ရလိုက်ပြီး ဒီပီယဆေးအစွမ်းနဲ့ပဲ အချစ်ကနေ သေမင်းခံတွင်းဝ ရောက်သွားဖို့ ဖြစ်သွားတဲ့အခါ ဂျီယက်တစ်ယောက် အသက်ရှင်နိုင်ပါ့မလား..
တတိယဇာတ်လမ်းကတော့ ကြိုးတစ်ချောင်းနဲ့အလောင်းတစ်လောင်း၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ လူတိုင်းက ယူဆကြပေမဲ့ ဒါကိုမယုံနိုင်တဲ့ ရဲအုပ်’နော့’တစ်ယောက် အမှုကိုစုံစမ်းရာကနေ သူသိလာရတဲ့ အမှန်တရားက ဘာတွေဖြစ်မလဲ..