
Has Fallen ရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီးတော့ ရှေ့ကကားတွေနဲ့မတူဘဲ ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်.. သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။ သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့် လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့ တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ.. မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင် အသည်းအသန်ရှောင်ရသလို အချိန်မရွေး အသက်ပျောက်သွားနိုင်တဲ့ သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ် ကြိုးစားရပါတယ်..