
ဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူလို့ သတ်မှတ်ခံခဲ့ရတဲ့ ရေနံသူဌေးကြီး ဂျွန်ပေါလ်ဂတ်တီရဲ့ မြေးဦး ဂျွန်ပေါလ်ဂတ်တီ ၃ ပြန်ပေးဆွဲခံရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဂျေပေါလ်ဂတ်တီ ၂ က သူ့အဖေဆီမှာ မနေဘဲ ခွဲနေတယ်။ နောက်တော့ သူတို့သားအဖပြန်ပေါင်းထုပ်ပြီး ဂျွန်ပေါလ်ဂတ်တီ ၃ ယောက် တစ်အိမ်တည်းမှာနေကြတာပေါ့။ ဒါပေမဲ့ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်တဲ့ ဂျေပေါလ်ဂတ်တီ ဒုတိယ က ဆေးစွဲ နောက်မိန်းမရသွားတော့ ပထမမိန်းမက ကွာရှင်းပါတယ်။ ဒါပေမဲ့ ရေနံသူဌေးကပ်စေးအဘိုးကြီး ပထမ ဂျေပီဂတ်တီက ချွေးမဖြစ်သူ အဘီဂေးလ် ဟားရစ်ကို ငွေတစ်ပြားမှမယူရင် ကလေးအုပ်ထိန်းခွင့်ကို အပြည့်ပေးမယ်ဆိုပြီး အပေးအယူတည့်သွားကြပါတယ်။ နောက်မှာ ဂျေပီဂတ်တီ တတိယ ပြန်ပေးဆွဲခံရတော့ သူ့အမေက ပိုက်ဆံမရှိတဲ့ နာမည်ကြီးထမင်းငတ်၊ သူ့အဘိုးကကျ ချမ်းသာသလောက် ကပ်စေးကုတ်တဲ့သူ။ အဲဒီအခြေအနေတွေကြားကနေ ဂျေပီဂတ်တီ ၃ ဘယ်လိုပြန်ရောက်လာမလဲဆိုတာ..