
နာဟျွန်းဂျောင် ဟာ တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဂျယ်ချောလုပ်ငန်းစုရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူမ ထောင်ကျခဲ့တုန်းက ထောင်မှာ သားလေးတစ်ယောက် မွေးဖွားခဲ့ဖူးတယ်ဆိုတဲ့ လျှို့ဝှက်ချက်ရှိသူလည်း ဖြစ်ပါတယ်။ အင်ဆန်းဟွန်း ကတော့ အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးတဲ့သူဖြစ်တဲ့အပြင် နာဟျွန်းဂျောင် အတွက်ဆိုရင် ဘာမဆိုလုပ်ရဲပြီး သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပါ။ တစ်နေ့မှာတော့ နာဟျွန်းဂျောင်ရဲ့ လျှို့ဝှက်ချက်ကို သူမကို လက်စားချေချင်နေတဲ့အမှုစစ်ချွဲဒယ်ရှစ် က စုံစမ်းသိရှိသွားပြီး အဲဒီအမှန်တရားကို မသိသေးတဲ့ အင်ဆန်းဟွန်းကို ပြောပြလိုက်ပါတော့တယ်.. ဒါကြောင့်ပဲ အင်ဆန်းဟွန်းတစ်ယောက် သစ္စာဖောက်ခံရတဲ့ ခံစားချက်ဝင်သွားပြီး အမှုစစ်ချွဲဒယ်ရှစ်နဲ့ ပူးပေါင်းကာ နာဟျွန်းဂျောင်နဲ့ သားဖြစ်သူကို မကောင်းကြံပါတော့တယ်.. ဒီလိုအခက်အခဲတွေကြားကနေ နာဟျွန်းဂျောင်တစ်ယောက် သားဖြစ်သူကို ဘယ်လိုကာကွယ်ပေးသွားမလဲ..