
ဒုတိယကမ္ဘာစစ်ကြီးကာလဖြစ်တဲ့ မဟာမိတ်တပ်တွေနဲ့ဂျာမန်ရဲ့ အသည်းအသန် တိုက်စစ်ဆင်နေတဲ့အချိန်မှာ မဟာမိတ်တပ်ဖက်က ဗိုလ်မှုးကြီးမောင့်ဂိုမယ်ရီဆိုသူက မားကတ်ဂါးဒန်းဆိုတဲ့ တိုက်စစ်အစီအစဉ်ကို ချဆွဲပါတော့တယ်။ ဒါကိုအကောင်အထည်ဖော်ဖို့ အတည်ပြုခံရပြီး စစ်သားပေါင်း ၃၅၀၀၀ ဟာ ဂျာမန်ရဲ့ရှေ့တန်းကိုကျော်ပြီး အနောက်ဖက်အထိ လေယာဉ်နဲ့လေထီးဆင်းကာ အာန်ဟမ်ဆိုတဲ့ မဟာမိတ်တပ်နဲ့ ဂျာမနီကိုဆက်ထားတဲ့ တံတားကို တိုက်ယူဖို့လုပ်ပါတော့တယ်..
သမိုင်းမှတ်တမ်းမှာတော့ ဒီ operation ကြီးဟာ ၉၀% အောင်မြင်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပေမဲ့ ဒါဟာတကယ်ရောဟုတ်ရဲ့လား.. မဟာမိတ်စစ်သားတွေရဲ့ သွေးချွေးတွေစွန့်ပြီး ဘယ်လိုတိုက်ခိုက်ခဲ့ရလဲ.. အောင်ရောအောင်မြင်ခဲ့ရဲ့လားဆိုတာကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်..